လွိုင်ကော် ဇူလိုင် ၂၂

 

ယာယီနေရပ်စွန့်ခွာ နေထိုင်ရာမှ လွိုင်ကော်မြို့သို့ ပြန်လည် ဝင်ရောက် နေထိုင်သူများအား အခြေခံ စားသောက်ကုန်များ ချီးမြှင့်ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ ပြည်နယ် ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုး ကယား တင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာန ဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ်က အမှာစကား ပြောကြား၍ ပြန်လည်ဝင်ရောက် နေထိုင်သည့် ထေးသမနှင့် မိုင်းလုံးရပ်ကွက်ရှိ ဒေသခံပြည်သူ များအတွက် ဆန်၊ ဆီ အခြေခံစား သောက်ကုန်များကို လည်း ကောင်း၊ ပြည်နယ်ဝန်ကြီးများက ဒေါဥခူ၊ နောင်ယား(က)၊ နောင်ယား(ခ)၊ နာနတ်တော ရပ်ကွက်များရှိ ဒေသခံပြည်သူများ အတွက် ဆန်၊ ဆီ အခြေခံ စားသောက်ကုန်များကို လည်း ကောင်း ပေးအပ်ကြရာ သက်ဆိုင်ရာ ကိုယ်စားလှယ်များက လက်ခံ ယူကြပြီး ဒေသခံပြည်သူများ ကိုယ်စားကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာ သည့် ဒေသခံပြည်သူများက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များ ပြန်လည်လုပ်ကိုင်နိုင်ရေး၊ လျှပ်စစ်မီးနှင့် သောက်သုံးရေ ရရှိရေး တင်ပြကြရာ ပြည်နယ် သည့် ဒေသခံပြည်သူများက ဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

အခမ်းအနားတွင် ကယား ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ယာယီ နေရပ်စွန့်ခွာရာမှ လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်များ အတွင်းသို့ ပြန်လည်ဝင်ရောက် နေထိုင်သည့် ပြည်သူ ၇၄၄ ဦး အတွက် ဆန် ၁၈၆ အိတ်နှင့် ဆီ ၃၇၂ ပိဿာ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)