ရန်ကုန် ၂၄ ဧပြီ

 

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင် အသင်းတို့ ပူးပေါင်းကျင်းပမည့် Yangon ICT Fair (May-2019) ပြပွဲကို မေလ ၃ ရက်နေ့မှ ၅ ရက်နေ့ အထိ ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ခင်းကျင်းပြသမည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မိုဘိုင်းနှင့်အိုင်တီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယင်းကဏ္ဍကို စိတ်ဝင်စားသော နိုင်ငံဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ ကျောင်းသားကျောင်းသူများ၊ လူငယ် များနှင့် ပြည်သူများအား ကွန်ပျူတာပစ္စည်းများ၊ ကွန်ပျူတာနှင့်ဆက်စပ်အပိုပစ္စည်းများ၊ နောက်ဆုံးပေါ် အီ လက်ထရောနစ်ပစ္စည်းများ၊ ဆက်သွယ်ရေးကိရိယာများ၊ မိုဘိုင်းနည်းပညာနှင့် ပစ္စည်းများ၊ ကွန်ပျူတာ အသုံးချဆော့လ်ဝဲလ်နည်းပညာများကို တစ်နေရာတည်းတွင် ကြည့်ရှုလေ့လာနိုင်စေရန်နှင့် နိုင်ငံတော်က ချ မှတ်ထားသော ဈေးကွက်စီးပွားရေးစနစ်အား တစ်စိတ်တစ်ဒေသ အထောက်အကူ ဖြစ်စေရန်အတွက် ရည်ရွယ်ကာ  ပြပွဲကို စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

 

Yangon ICT Fair (May-2019) တွင် မိုဘိုင်းနှင့်အိုင်တီနယ်ပယ်မှ အီလက်ထရောနစ်ကုမ္ပဏီများ၊ ကွန်ပျူ တာနှင့်ဆက်စပ်ပစ္စည်းအရောင်းဆိုင်များ၊ Scanner, Copier, Camera, Projector အရောင်းဆိုင်များ၊ Software & Training ဆိုင်များ၊ Website, SMS Solution, Wimax, Wifi , Networking Product, Mobile & Mobile Software, Virus သတ်သည့် Software အရောင်းဆိုင်များ၊ Electronic Dictionary အစရှိသော အရောင်းဆိုင်များ ပါဝင်ပြသမည်ဖြစ်သည်။

 

ယခုကျင်းပသော ပြပွဲသည် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာအသင်းများမှ ၂၀၁၉ ခုနှစ်အတွင်း ပထမဦး ဆုံးအကြိမ်အဖြစ် ခင်းကျင်းပြသသည့် ပြပွဲဖြစ်ပြီး ကုမ္ပဏီပေါင်း ၅၂ ခုမှ ပြခန်းပေါင်း ၁၃၅ ခန်း ခင်းကျင်းပြသမည်ဖြစ်ကြောင်း သိရသည်။ ပြခန်းများအား ပြပွဲရက်အတွင်း နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ပြည်သူများ လာရောက်ကြည့်ရှုလေ့လာနိုင်ရန် ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း