နေပြည်တော် ၃ မေ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီတို့၏ ဦးဆောင်မှုဖြင့် Yangon Investment Forum 2019 ကို မေ ၁၀ ရက် နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ရှိ Lotte ဟိုတယ်၌ ကျင်းပမည်ဖြစ်သည်။

အဆိုပါဖိုရမ်သည် မေ ၁၀ ရက်မှ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့် Myanmar Investors Development Association (MIDA) ၏ ပံ့ပိုးကူညီမှုတို့ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

မောင်လူမော်