ရန်ကုန်  ၃  မေ


မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်း ဒေသ၊ သာသနာနုဂ္ဂဟအသင်းက ကြီးမှူးကျင်းပသည့် ယဉ်ကျေးလိမ္မာ ဆရာဖြစ် သင်တန်း အမှတ်စဉ် ၉/၂၀၁၉ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ဇမ္ဗူသီရိဗိမာန်တော်၌ ကျင်းပသည်။


အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်း ဒေသ၊ သာသနာနုဂ္ဂဟအသင်း (ဗဟို) ဥက္ကဋ္ဌ အဂ္ဂမဟာသီရိ သုဓမ္မမဏိဇောတဓရ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်း ဒေသ၊ သာသနာနုဂ္ဂဟအသင်း (ဗဟို) သတင်းနှင့်ပြန်ကြားရေး ဌာနမှူး၊ သာသနာ့အလင်းဂျာနယ် အယ်ဒီတာချုပ် ဦးပန်းမွှေးက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


အဆိုပါသင်တန်းသို့ သင်တန်းသား ၊ သင်တန်းသူ ၂၀ဝ တက်ရောက်ကြပြီး သင်တန်းကာလမှာ ယနေ့မှ ဇွန် ၃ ရက်အထိဖြစ်ကာ သင်တန်းတွင် ယဉ်ကျေးမှု၊  မြန်မာစာနှင့် အဘိဓမ္မာ စသည်တို့ကို ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


(သတင်းစဉ်)