မေ ၁၄
ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် တစ်ရက်အတွင်း ထပ်မံသေဆုံးသူ ၂၃၈၃ ဦးရှိသဖြင့် သေဆုံးသူပေါင်း ၄၃၀၄၁၇ ဦး အထိမြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ဘရာဇီးနိုင်ငံသည် ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးမှုတွင် အမေရိကန်ပြည်ထောင်စုပြီးလျှင် ဒုတိယအများဆုံး နိုင်ငံဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုတွင် အမေရိကန်နှင့်အိန္ဒိယနိုင်ငံတို့ပြီးလျှင် တတိယအများဆုံး နိုင်ငံဖြစ်သည်။
ဘရာဇီးနိုင်ငံတွင် လူဦးရေ တစ်သိန်းလျှင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးမှုနှုန်း ၂၀၄ ဒသမ ၈ ရှိပြီး ရောဂါကူးစက်မှုနှုန်း ၇၃၄၄ ဒသမ ၄ ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ ၃၇ ဒသမ ၁၉ သန်းရှိပြီး ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၁၈ ဒသမ ၆၅ သန်းသည်။ ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၅၅ ဒသမ ၈ သန်းရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို