ဘရာဇီးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် တစ်ရက်အတွင်း  ၂၃၈၃ ဦး ထပ်မံသေဆုံး

မေ ၁၄

 

ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် တစ်ရက်အတွင်း ထပ်မံသေဆုံးသူ ၂၃၈၃ ဦးရှိသဖြင့် သေဆုံးသူပေါင်း ၄၃၀၄၁၇ ဦး အထိမြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ဘရာဇီးနိုင်ငံသည် ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးမှုတွင် အမေရိကန်ပြည်ထောင်စုပြီးလျှင် ဒုတိယအများဆုံး နိုင်ငံဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုတွင် အမေရိကန်နှင့်အိန္ဒိယနိုင်ငံတို့ပြီးလျှင် တတိယအများဆုံး နိုင်ငံဖြစ်သည်။

 

ဘရာဇီးနိုင်ငံတွင် လူဦးရေ တစ်သိန်းလျှင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးမှုနှုန်း ၂၀၄ ဒသမ ၈ ရှိပြီး  ရောဂါကူးစက်မှုနှုန်း ၇၃၄၄ ဒသမ ၄ ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ ၃၇ ဒသမ ၁၉ သန်းရှိပြီး ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၁၈ ဒသမ ၆၅ သန်းသည်။ ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၅၅ ဒသမ ၈ သန်းရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို