ဇွန် ၂၈
ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ကူးမာမိုတိုမြို့ရှိ ရာစုနှစ်များစွာကြာ ရှေးဟောင်းရဲတိုက်တစ်ခုကို ၂၀၁၆ ခုနှစ် ငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်ကာ အလည်အပတ်လာသူများအား ဝင်ခွင့်ပြုခဲ့သည်။
အဆိုပါရဲတိုက်၏အဓိကမျှော်စင်၏အတွင်းပိုင်းပြင်ဆင်မှုကို ငါးနှစ်ကြာလုပ်ဆောင်ခဲ့ပြီးနောက် ဇွန် ၂၈ ရက်တွင် အများပြည်သူ လာရောက်လည်ပတ်ရန်အတွက် ဖွင့်လှစ်ခဲ့သည်။
ထိုရဲတိုက်ကို မနက် ၉ နာရီတွင် ဖွင့်လှစ်ခဲ့ရာ လာရောက်လည်ပတ်သူဦးရေ ၅၀ ခန့်ရှိသည်။
အဆိုပါ အဓိကမျှော်စင်တွင် မြေအောက်ခန်းနှင့်မြေပြင်အထက် အထပ်ခြောက်ထပ်ရှိသည်။ ပြန်လည်ပြင်ဆင်မှု လုပ်ဆောင်ရာတွင် ငလျင်ဒဏ်ခံပစ္စည်း ကိရိယာများပါရှိပြီး ဓါတ်လှေခါး နှစ်စင်းလည်းပါရှိသည်။
ရဲတိုက်အကြီးအကဲဖြစ်သူ အာမစ်တာ တာဆူအိုက ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် နှစ်လကြာနှောင့်နှေးခဲ့ပြီး နောက်ဆုံးတွင် ဖွင့်လှစ်နိုင်ခဲ့ပြီဟု ဆိုသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို