ကူးမာမိုတိုရဲတိုက် ပြန်လည်ပြင်ဆင်မှုပြုလုပ်ပြီးနောက် အများပြည်သူအတွက် ဖွင့်လှစ်

ဇွန် ၂၈

 

ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ကူးမာမိုတိုမြို့ရှိ ရာစုနှစ်များစွာကြာ ရှေးဟောင်းရဲတိုက်တစ်ခုကို  ၂၀၁၆ ခုနှစ် ငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း  ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်ကာ အလည်အပတ်လာသူများအား ဝင်ခွင့်ပြုခဲ့သည်။

 

အဆိုပါရဲတိုက်၏အဓိကမျှော်စင်၏အတွင်းပိုင်းပြင်ဆင်မှုကို ငါးနှစ်ကြာလုပ်ဆောင်ခဲ့ပြီးနောက် ဇွန် ၂၈ ရက်တွင် အများပြည်သူ လာရောက်လည်ပတ်ရန်အတွက် ဖွင့်လှစ်ခဲ့သည်။

 

ထိုရဲတိုက်ကို မနက် ၉ နာရီတွင် ဖွင့်လှစ်ခဲ့ရာ လာရောက်လည်ပတ်သူဦးရေ ၅၀ ခန့်ရှိသည်။

 

အဆိုပါ အဓိကမျှော်စင်တွင် မြေအောက်ခန်းနှင့်မြေပြင်အထက် အထပ်ခြောက်ထပ်ရှိသည်။ ပြန်လည်ပြင်ဆင်မှု လုပ်ဆောင်ရာတွင် ငလျင်ဒဏ်ခံပစ္စည်း ကိရိယာများပါရှိပြီး ဓါတ်လှေခါး နှစ်စင်းလည်းပါရှိသည်။

 

ရဲတိုက်အကြီးအကဲဖြစ်သူ အာမစ်တာ တာဆူအိုက ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် နှစ်လကြာနှောင့်နှေးခဲ့ပြီး နောက်ဆုံးတွင် ဖွင့်လှစ်နိုင်ခဲ့ပြီဟု ဆိုသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို