ကော့ကရိတ် ဇူလိုင် ၂၄
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် အသုံးပြုရန် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အလှူရှင်များမှ လှူဒါန်းသည့် အောက်ဆီဂျင်အိုးများကို မြဝတီမြို့ ကုန်သွယ်ရေးဇုန်မှ ဇူလိုင် ၂၂ ရက်မှစ၍ နေ့စဉ် သွားရောက်ထုတ်ယူရရှိလျက်ရှိကြောင်း သိရသည်။
အဆိုပါ လိုအပ်လျက်ရှိသော အောက်ဆီဂျင်အိုးများကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံမှုဖြင့် ကော့ကရိတ်ခရိုင် ပြည်သူ့ဆေးရုံအတွက် အောက်ဆီဂျင် ၄၀ လီတာ အိုး ၂၀ ၊ ကျုံဒိုးမြို့ဆေးရုံအတွက် အောက်ဆီဂျင် ၄၀ လီတာ အိုး ၁၀ လုံးတို့ကို ကော့ကရိတ်မြို့ ဂရုဏာဖောင်ဒေးရှင်းအသင်းမှ ဦးလင်းကို ဦးဆောင်သော အဖွဲ့ဝင်များ၊ ဦးအောင်ကိုဟိန်း ဦးဆောင်သော ပရဟိတအဖွဲ့ဝင်များမှ အောက်ဆီဂျင်အိုးများကို မြဝတီမြို့၌ နေ့စဉ် သွားရောက်ဝယ်ယူ ကူညီဆောင်ရွက်ပေးကြပြီး ကော့ကရိတ်မြို့တွင် ဆေးကုသမှု ခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ဝေဒနာရှင်များအတွက်အောက်ဆီဂျင် ပြတ်လပ်မှု မရှိစေရေး ဝိုင်းဝန်းလှူဒါန်း ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ကော့ကရိတ်ခရိုင် အတွင်းရှိ ကော့ကရိတ်မြို့၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီးမြို့၊ ဘုရားသုံးဆူမြို့၊ ကျိုက်ဒုံမြို့တို့အတွက် အောက်ဆီဂျင် ရရှိရေးကိုလည်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ကော့ကရိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)