ကော့ကရိတ်ခရိုင် ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံသို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အလှူရှင်များ လှူဒါန်းသည့်​ အောက်ဆီဂျင်အိုးများ​​ နေ့စဉ်ရောက်ရှိ

​ကော့ကရိတ် ဇူလိုင် ၂၄

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် အသုံးပြုရန် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အလှူရှင်များမှ လှူဒါန်းသည့်​ အောက်ဆီဂျင်အိုးများကို မြဝတီမြို့ ကုန်သွယ်​ရေးဇုန်မှ​ ဇူလိုင် ၂၂ ရက်​မှစ၍ နေ့စဉ် သွား​ရောက်ထုတ်ယူရရှိလျက်ရှိ​ကြောင်း သိရသည်။

 

အဆိုပါ လိုအပ်လျက်ရှိသော အောက်ဆီဂျင်အိုးများကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံမှုဖြင့် ကော့ကရိတ်ခရိုင် ပြည်သူ့ဆေးရုံအတွက် အောက်ဆီဂျင် ၄၀ လီတာ အိုး ၂၀ ၊ ကျုံဒိုးမြို့ဆေးရုံအတွက် အောက်ဆီဂျင် ၄၀ လီတာ အိုး ၁၀ လုံးတို့ကို ကော့ကရိတ်မြို့ ဂရုဏာဖောင်ဒေးရှင်းအသင်းမှ ဦးလင်းကို ဦးဆောင်သော အဖွဲ့ဝင်များ၊ ဦးအောင်ကိုဟိန်း ဦးဆောင်သော ပရဟိတအဖွဲ့ဝင်များမှ အောက်ဆီဂျင်အိုးများကို မြဝတီမြို့၌ နေ့စဉ် သွားရောက်ဝယ်ယူ ကူညီဆောင်ရွက်ပေးကြပြီး ကော့ကရိတ်မြို့တွင် ဆေးကုသမှု ခံယူလျက်ရှိသည့် ကိုဗစ်-၁၉​ ရောဂါ​ ဝေဒနာရှင်များအတွက်​အောက်ဆီဂျင် ပြတ်လပ်မှု မရှိ​စေ​ရေး ဝိုင်းဝန်းလှူဒါန်း ကူညီ​ဆောင်ရွက်​ပေးလျက်ရှိသည်။

 

mdn

 

ထို့ပြင် ကော့ကရိတ်ခရိုင် အတွင်းရှိ ကော့ကရိတ်မြို့၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီးမြို့၊ ဘုရားသုံးဆူမြို့၊ ကျိုက်ဒုံမြို့တို့အတွက် အောက်ဆီဂျင် ရရှိရေးကိုလည်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ကော့ကရိတ်ခရိုင် စီမံအုပ်ချုပ်​ရေး​အဖွဲ့မှ​ နေ့စဉ် ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်းသိရသည်။

 

ခရိုင်(ပြန်/ဆက်)