နိုဝင်ဘာ ၂၂
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၀၈၈ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် ရောဂါကူးစက်ခံရသူပေါင်း ၃၄၅၁၈၉၀၁ အထိမြင့်တက်လာသည်ဟု ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါ ရောဂါကူးစက်မှုကြောင့် ၂၄၉ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၄၆၅၉၁၁ ဦး ရှိလာသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၁၁၈၄၄၃ ဦး ရှိသည်။
ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်လာသဖြင့် လွန်ခဲ့သော ၂၄ နာရီအတွင်း ဆေးရုံများမှ ဆင်းသွားသူဦးရေ ၁၂၅၁၀ ရှိရာ ပြန်လည်ကျန်းမာလာသူစုစုပေါင်း ၃၃၉၃၄၅၄၇ ဦး ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို