အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားသူ ၈၀၈၈ ဦး ထပ်မံတွေ့ရှိ

နိုဝင်ဘာ ၂၂

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၀၈၈ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် ရောဂါကူးစက်ခံရသူပေါင်း ၃၄၅၁၈၉၀၁ အထိမြင့်တက်လာသည်ဟု ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

အဆိုပါ ရောဂါကူးစက်မှုကြောင့် ၂၄၉ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၄၆၅၉၁၁ ဦး ရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၁၁၈၄၄၃ ဦး ရှိသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်လာသဖြင့် လွန်ခဲ့သော ၂၄ နာရီအတွင်း ဆေးရုံများမှ ဆင်းသွားသူဦးရေ ၁၂၅၁၀ ရှိရာ ပြန်လည်ကျန်းမာလာသူစုစုပေါင်း ၃၃၉၃၄၅၄၇ ဦး ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို