မင်းဘူး ဇန်နဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ၇၂၈၁၇ ဦး ထိုးနှံပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်ကော်မတီမှ သိရသည်။
ထိုကဲ့သို့ ထိုးနှံပေးရာတွင် သံဃာတော်များ၊ သီလရှင်များ၊ ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ဝန်ထမ်းများ၊ ဈေးသူ၊ ဈေးသားများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အကျဉ်းသား၊ အကျဉ်းသူများနှင့် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။
ဇေယျာထက်(မင်းဘူး)