မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၇၂၈၁၇ ဦး ထိုးနှံပြီးစီး

မင်းဘူး   ဇန်နဝါရီ   ၂၈

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ၇၂၈၁၇ ဦး ထိုးနှံပြီးစီးသွားပြီဖြစ်ကြောင်း  မြို့နယ်ကိုဗစ်ကော်မတီမှ သိရသည်။

 

ထိုကဲ့သို့ ထိုးနှံပေးရာတွင် သံဃာတော်များ၊ သီလရှင်များ၊ ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ဝန်ထမ်းများ၊ ဈေးသူ၊ ဈေးသားများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အကျဉ်းသား၊ အကျဉ်းသူများနှင့် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။

 

ဇေယျာထက်(မင်းဘူး)