မြန်အောင် ဖေဖော်ဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့ အောင်ဇေယျခန်းမ ဆေးထိုးစုရပ်တွင် ကိုဗစ် ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးရသေးသည့် အသက် ၁၈ နှစ်အထက် ပြည်သူများအား Sputnik Light ရုရှားဆေး ထိုးနှံပေးလျက်ရှိသည်။ အဆိုပါ ကိုဗစ်ကာကွယ်ဆေး Sputnik Light ရုရှားဆေးသည် တစ်ကြိမ်သာ ထိုးနှံရသောဆေး ဖြစ်ကြောင်း သိရသည်။
ဝင်းဗိုလ်(မြန်အောင်)