မြန်အောင်မြို့၌ ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးရသေးသည့် ပြည်သူများအား Sputnik Light ထိုးနှံပေး

မြန်အောင်   ဖေဖော်ဝါရီ   ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့ အောင်ဇေယျခန်းမ ဆေးထိုးစုရပ်တွင် ကိုဗစ် ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးရသေးသည့် အသက် ၁၈ နှစ်အထက် ပြည်သူများအား Sputnik Light ရုရှားဆေး ထိုးနှံပေးလျက်ရှိသည်။ အဆိုပါ ကိုဗစ်ကာကွယ်ဆေး Sputnik Light ရုရှားဆေးသည် တစ်ကြိမ်သာ ထိုးနှံရသောဆေး ဖြစ်ကြောင်း သိရသည်။

ဝင်းဗိုလ်(မြန်အောင်)