ချောက် ဖေဖော်ဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့တွင် ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲသို့ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀၂၈ ဦး ဖြေဆိုခွင့် လျှောက်လွှာများ တင်သွင်းထားကြောင်း သိရသည်။
ချောက်မြို့တွင် တက္ကသိုလ်ဝင် စာစစ်ဌာနများအဖြစ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း အပါအဝင် စာစစ်ဌာန ကိုးခု ဖွင့်လှစ်ထားရှိသွားမည်ဖြစ်သည်။ ချောက်မြို့နယ်အနေဖြင့် ကျောင်းတွင်းဖြေဆိုသူ ၅၄၃ ဦးတွင် အတွဲ (၁) ဖြေဆိုသူ ၃၆၈ ဦး၊ အတွဲ (၂) ဖြေဆိုသူ ၁၀ ဦး၊ အတွဲ (၇) ဖြေဆိုသူ ၁၆၅ ဦး၊ ပြင်ပဖြေဆိုသူ ၄၈၅ ဦးတွင် အတွဲ (၁) ဖြေဆိုသူ ၃၈၅ ဦး၊ အတွဲ (၂) ဖြေဆိုသူ ရှစ်ဦး၊ အတ (၇) ဖြေဆိုသူ ၉၂ ဦး ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်မိုး(ပြန်/ဆက်)