ချောက်မြို့၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသို့ ကျောင်းသား ကျောင်းသူ ၁၀၂၈ ဦး ဝင်ရောက်ဖြေဆိုမည်

ချောက် ဖေ​ဖော်ဝါရီ 

 

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့တွင် ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲသို့ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀၂၈ ဦး ဖြေဆိုခွင့် လျှောက်လွှာများ တင်သွင်းထားကြောင်း သိရသည်။

 

ချောက်မြို့တွင် တက္ကသိုလ်ဝင် စာစစ်ဌာနများအဖြစ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း အပါအဝင် စာစစ်ဌာန ကိုးခု ဖွင့်လှစ်ထားရှိသွားမည်ဖြစ်သည်။ ချောက်မြို့နယ်အနေဖြင့်​ ကျောင်းတွင်း​ဖြေဆိုသူ ၅၄၃ ဦးတွင် အတွဲ (၁) ဖြေဆိုသူ ၃၆၈ ဦး၊ အတွဲ (၂) ဖြေဆိုသူ ၁၀ ဦး၊ အတွဲ (၇) ဖြေဆိုသူ ၁၆၅ ဦး၊ ပြင်ပ​ဖြေဆိုသူ ၄၈၅ ဦးတွင် အတွဲ (၁) ဖြေဆိုသူ ၃၈၅ ဦး၊ အတွဲ (၂)​ ဖြေဆိုသူ ရှစ်ဦး၊ အတ (၇) ​ဖြေဆိုသူ ၉၂ ဦး ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ကျော်မိုး(ပြန်/ဆက်)