ဖေဖော်ဝါရီ ၁၇
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ်ထိုးနှံမှုခံယူပြီးသူ သန်း ၁၀၀ ကျော်ရှိသည်ဟု သိရသည်။
ကာကွယ်ဆေးထိုးနှံပြီးသူအားလုံး၏ထက်ဝက်ကျော်သည် တရုတ်နိုင်ငံကထုတ်လုပ်သော ဆိုင်နိုဖမ် (Sinopharm) ကာကွယ်ဆေး ထိုးနှံသူများဖြစ်သည်။
ဖေဖော်ဝါရီ ၁၅ ရက်အထိ တရုတ်နိုင်ငံထုတ်ကာကွယ်ဆေးထိုးနှံပြီးသူ ၅၂၀၈၄၄၄၂ ဦးအပါအဝင် ကိုဗစ်ကာကွယ်ဆေးပထမအကြိမ်ထိုးနှံမှုခံယူပြီးသူ ၁၀၁၁၉၀၈၉၀ ဦး ရှိကြောင်း ကျန်းမာရေးဝန်ဆောင်မှုများဆိုင်ရာညွှန်ကြားရေးမှူးချုပ်၏ သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ်အရ သိရသည်။
အသက် ၄၀ အထက် ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီးသူ သုံးသန်းနီးပါးရှိပြီး ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံမှုခံယူပြီးသူ ၇၃ သန်း နီးပါးရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို