ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ သန်း ၁၀၀ ကျော်ရှိ

ဖေဖော်ဝါရီ ၁၇

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ်ထိုးနှံမှုခံယူပြီးသူ သန်း ၁၀၀ ကျော်ရှိသည်ဟု သိရသည်။

 

ကာကွယ်ဆေးထိုးနှံပြီးသူအားလုံး၏ထက်ဝက်ကျော်သည် တရုတ်နိုင်ငံကထုတ်လုပ်သော ဆိုင်နိုဖမ် (Sinopharm) ကာကွယ်ဆေး ထိုးနှံသူများဖြစ်သည်။

 

ဖေဖော်ဝါရီ ၁၅ ရက်အထိ တရုတ်နိုင်ငံထုတ်ကာကွယ်ဆေးထိုးနှံပြီးသူ ၅၂၀၈၄၄၄၂  ဦးအပါအဝင် ကိုဗစ်ကာကွယ်ဆေးပထမအကြိမ်ထိုးနှံမှုခံယူပြီးသူ ၁၀၁၁၉၀၈၉၀ ဦး ရှိကြောင်း ကျန်းမာရေးဝန်ဆောင်မှုများဆိုင်ရာညွှန်ကြားရေးမှူးချုပ်၏ သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ်အရ သိရသည်။

 

အသက် ၄၀ အထက် ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီးသူ သုံးသန်းနီးပါးရှိပြီး ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံမှုခံယူပြီးသူ ၇၃ သန်း နီးပါးရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို