ဟနွိုင်း ဒီဇင်ဘာ ၂၉

ယခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတကာခရီးသွား   ၂၁ ဒသမ  ၅ သန်း  လာရောက်လည်ပတ်နိုင်သည်ဟု ခန့်မှန်းထားကြောင်း ဗီယက်နမ်ခရီးသွားလုပ်ငန်းအမျိုးသားအာဏာပိုင်အဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍  နေ့စဉ်ထုတ် သတင်းစာနမ်ဒန်က ဒီဇင်ဘာ  ၂၉ ရက်တွင် ဖော်ပြထားသည်။

ထို့အပြင်    ဗီယက်နမ်နိုင်ငံသည်    ပြည်တွင်းခရီးသွား   ၁၃၅ ဒသမ ၅ သန်းအထိ ရှိလာရန်လည်း  ခန့်မှန်းထားကြောင်း အဆိုပါသတင်းစာတွင် ဖော်ပြထားသည်။ ဗီယက်နမ်နိုင်ငံ၏ ခရီးသွား လုပ်ငန်းမှရရှိသော  ဝင်ငွေသည် ဗီယက်နမ်ဒေါင်  ၁ ကွာဒရီလီယံ (အမေရိကန်ဒေါ်လာ  ၃၉ ဒသမ  ၈ ဘီလီယံခန့်) ရှိမည်ဟု ခန့်မှန်းထားသည်။ 

ဗီယက်နမ်နိုင်ငံသည် လာမည့်နှစ်တွင်  နိုင်ငံတကာခရီးသွား ၂၅ သန်းနှင့် ပြည်တွင်းခရီးသွား သန်း ၁၅၀ အထိ  ရောက်ရှိရေး မျှော်မှန်းလုပ်ဆောင်လျက်ရှိပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ဗီယက်နမ် ဒေါင် ၁ ဒသမ ၁၂ ကွာဒရီလီယံကျော် (အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၆ ဘီလီယံခန့်)  ရရှိရေး ရည်မှန်းထားသည်။     

ဆင်ဟွာ