လှည်းကူး ဇူလိုင် ၇
လှည်းကူးပညာရေးဒီဂရီကောလိပ် အားကစားခန်းမတွင် ယနေ့နံနက်ပိုင်းက ကျောင်းကောင်စီအသင်းအလိုက် မိုးရာသီဘော်လီဘောပြိုင်ပွဲကို ကျင်းပသည်။
ဦးစွာ လှည်းကူးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးလွင်က အမှာစကားပြောကြားပြီး ပြိုင်ပွဲကို ဇူလိုင် ၇ ရက်မှ ၁၀ ရက်အထိ အမျိုးသားဘော်လီဘောအသင်း ငါးသင်းနှင့် အမျိုးသမီးဘော်လီဘောအသင်းငါးသင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
အိရွှေစင်လတ်(ပြန်/ဆက်)


