လှည်းကူး     ဇူလိုင်     ၇

လှည်းကူးပညာရေးဒီဂရီကောလိပ် အားကစားခန်းမတွင် ယနေ့နံနက်ပိုင်းက ကျောင်းကောင်စီအသင်းအလိုက် မိုးရာသီဘော်လီဘောပြိုင်ပွဲကို ကျင်းပသည်။

 ဦးစွာ လှည်းကူးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးလွင်က အမှာစကားပြောကြားပြီး ပြိုင်ပွဲကို ဇူလိုင် ၇ ရက်မှ ၁၀  ရက်အထိ  အမျိုးသားဘော်လီဘောအသင်း ငါးသင်းနှင့် အမျိုးသမီးဘော်လီဘောအသင်းငါးသင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

အိရွှေစင်လတ်(ပြန်/ဆက်)