ကြံခင်း ၁၈ ဇွန်
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့၌ နဝင်းဂုဏ်းစေတနာပညာရေး တက္ကသိုလ် ဝင်တန်းကျောင်း ၂၀၁၉ - ၂၀၂၀ ခုနှစ် (၁၀) နှစ်မြောက် ပညာသင်နှစ်ကို ကြံခင်းမြို့ နဝင်းဂုဏ်းကျောင်းတိုက်တွင် ယနေ့နံနက်ပိုင်းက နဝင်းဂုဏ်း ဆရာတော် ဉီးဆောင်မှုဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။
၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် ဝိပ္ပံဘာသာတွဲဖြင့် (၈၁) ဉီး ၊ ဝိဇ္ဇာဘာသာတွဲ ဖြင့်( ၃၅ ) ဉီး လက်ရှိအချိန်ထိစုစုပေါင်း ကျောင်းသားပေါင်း ( ၁၁၆ )ဉီးကိုဆရာတော်များ၏ ဉီးဆောင်မှု၊ ပညာဒါနအဖြစ် အချိန်ကို ပေးလှူသောဆရာ/ဆရာမများ၏ သင်ကြားပေးမှုတို့ ဖြင့် နဝ◌င်းဂုဏ်းစေတနာပညာရေးတက္ကသိုလ်ဝင်တန်းကျောင်းကို ဖွင့်လှစ်သွားမည်ဖြစ်သည်။
အဆိုပါ နဝင်းဂုဏ်းစေတနာပညာရေးတက္ကသိုလ်ဝင်တန်းကျောင်းကို အပတ်စဉ် ကြာသပတေးနေ့မှအပ နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ဆရာ/ဆရာမ ၂၀ ကျော်က ဘာသာရပ်တစ်ဉီးလျှင် ၁ နာရီစီ ဖြင့် ၁၀ နှစ်မြောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ကို သင်ကြားပေးသွားမှာ ဖြစ်ကြောင်းသိရသည်။ ယနေ့ ပညာသင်နှစ် အစနေ့တွင်လည်း ရန်ကုန်မြို့ မာကျူရီစာပေက ဘာသာစုံ မေးခွန်း(၅)စုံပါ အဖြေ စာအုပ်များကိုလည်း ကျောင်းသားများကို လှူဒါန်းခဲ့ကြောင်း သိရသည်။
ပို့ပို့ (ပြန်/ဆက်)