ကြံခင်းတွင် နဝင်းဂုဏ်းစေတနာပညာရေးတက္ကသိုလ်ဝင်တန်းကျောင်း စတင်ဖွင့်လှစ်

ကြံခင်း  ၁၈ ဇွန်         


ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့၌ နဝင်းဂုဏ်းစေတနာပညာရေး  တက္ကသိုလ် ဝင်တန်းကျောင်း  ၂၀၁၉ - ၂၀၂၀ ခုနှစ်  (၁၀) နှစ်မြောက် ပညာသင်နှစ်ကို ကြံခင်းမြို့ နဝင်းဂုဏ်းကျောင်းတိုက်တွင် ယနေ့နံနက်ပိုင်းက နဝင်းဂုဏ်း ဆရာတော် ဉီးဆောင်မှုဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။

 

1


    

၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် ဝိပ္ပံဘာသာတွဲဖြင့် (၈၁) ဉီး ၊ ဝိဇ္ဇာဘာသာတွဲ ဖြင့်( ၃၅ ) ဉီး  လက်ရှိအချိန်ထိစုစုပေါင်း ကျောင်းသားပေါင်း ( ၁၁၆ )ဉီးကိုဆရာတော်များ၏ ဉီးဆောင်မှု၊ ပညာဒါနအဖြစ် အချိန်ကို ပေးလှူသောဆရာ/ဆရာမများ၏ သင်ကြားပေးမှုတို့ ဖြင့် နဝ◌င်းဂုဏ်းစေတနာပညာရေးတက္ကသိုလ်ဝင်တန်းကျောင်းကို ဖွင့်လှစ်သွားမည်ဖြစ်သည်။

 

1


    

အဆိုပါ နဝင်းဂုဏ်းစေတနာပညာရေးတက္ကသိုလ်ဝင်တန်းကျောင်းကို အပတ်စဉ် ကြာသပတေးနေ့မှအပ နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ  ဆရာ/ဆရာမ ၂၀ ကျော်က ဘာသာရပ်တစ်ဉီးလျှင်  ၁ နာရီစီ ဖြင့်  ၁၀ နှစ်မြောက်  ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ကို သင်ကြားပေးသွားမှာ ဖြစ်ကြောင်းသိရသည်။ ယနေ့ ပညာသင်နှစ်  အစနေ့တွင်လည်း ရန်ကုန်မြို့ မာကျူရီစာပေက ဘာသာစုံ မေးခွန်း(၅)စုံပါ အဖြေ စာအုပ်များကိုလည်း ကျောင်းသားများကို လှူဒါန်းခဲ့ကြောင်း သိရသည်။  


 ပို့ပို့ (ပြန်/ဆက်)