ရသေ့တောင် ၃ နိုဝင်ဘာ
ယနေ့ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရသေ့တောင်မြို့နယ် လစ်လပ် မဲဆန္ဒနယ် အမှတ် (၂)အတွက် ရသေ့တောင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ လာရောက်ဆန္ဒမဲပေးကြသည်။
ရခိုင်ပြည်နယ်လွှတ်တော်၌ လစ်လပ်လျှက်ရှိသော ရသေ့တောင်မြို့နယ် အမှတ် ၂ မဲဆန္ဒနယ်အတွက် ဝင်ရောက်အရွေးချယ်ခံသူ ၄ဦးရှိရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဦးခင်သန်းမောင် ၊ ရခိုင်အမျိုးသားပါတီမှ ဦးမောင်လှမြင့်၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးသိန်းမောင်၊ တစ်သီးပုဂ္ဂလ ဦးတင်မောင်ဝင်း တို့ ဝင်ရောက် ယှဉ်ပြိုင်ကြသည်။
မဲရုံများအနေဖြင့် ရသေ့တောင်မြို့ပေါ်၌ ၃ရုံ ၊ ကျေးရွာအုပ်စုများတွင် ၈၃ ရုံ စုစုပေါင်း မဲရုံ ၈၆ရုံ ဖွင့်လှစ်ထားရှိပြီး မဲပေးခွင့်ရှိသည့် လူဦးရေမှာစုစုပေါင်း ၅၂၃၀ဝ ဖြစ်ကြောင်း သိရှိရ သည်။
ရသေ့တောင်မြို့နယ်အတွင်း မဲဆန္ဒရှင်များ မဲလာရောက်ထည့်ဝင်နေမှုကို သတင်း မီဒီယာများလာရောက်သတင်းယူပြီး လေ့လာစောင့်ကြည့်ရေးအဖွဲ့များလည်း လာရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။
(ပြည်နယ် ပြန်/ဆက်)