ကြားဖြတ်ရွေးကောက်ပွဲတွင် ရသေ့တောင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ လာရောက်ဆန္ဒမဲပေး

ရသေ့တောင် ၃  နိုဝင်ဘာ 

 

ယနေ့ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရသေ့တောင်မြို့နယ် လစ်လပ် မဲဆန္ဒနယ် အမှတ် (၂)အတွက်   ရသေ့တောင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ လာရောက်ဆန္ဒမဲပေးကြသည်။

 

 

ရခိုင်ပြည်နယ်လွှတ်တော်၌ လစ်လပ်လျှက်ရှိသော ရသေ့တောင်မြို့နယ် အမှတ် ၂ မဲဆန္ဒနယ်အတွက် ဝင်ရောက်အရွေးချယ်ခံသူ ၄ဦးရှိရာ   အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဦးခင်သန်းမောင် ၊  ရခိုင်အမျိုးသားပါတီမှ ဦးမောင်လှမြင့်၊  ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးသိန်းမောင်၊  တစ်သီးပုဂ္ဂလ ဦးတင်မောင်ဝင်း တို့  ဝင်ရောက် ယှဉ်ပြိုင်ကြသည်။

 

မဲရုံများအနေဖြင့် ရသေ့တောင်မြို့ပေါ်၌  ၃ရုံ ၊ ကျေးရွာအုပ်စုများတွင် ၈၃ ရုံ စုစုပေါင်း မဲရုံ ၈၆ရုံ   ဖွင့်လှစ်ထားရှိပြီး မဲပေးခွင့်ရှိသည့် လူဦးရေမှာစုစုပေါင်း  ၅၂၃၀ဝ ဖြစ်ကြောင်း သိရှိရ သည်။

 

ရသေ့တောင်မြို့နယ်အတွင်း မဲဆန္ဒရှင်များ မဲလာရောက်ထည့်ဝင်နေမှုကို  သတင်း မီဒီယာများလာရောက်သတင်းယူပြီး လေ့လာစောင့်ကြည့်ရေးအဖွဲ့များလည်း   လာရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။  

(ပြည်နယ် ပြန်/ဆက်)