၁၄ ဇူလိုင်
အိန္ဒိယနိုင်ငံတွင် အင်္ဂါနေ့အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူပေါင်း စုစုပေါင်း ၉၀၆၇၅၂ ထိ ရောက်ရှိသွားပြီဖြစ်ပြီး သေဆုံးသူပေါင်း ၂၃၇၂၇ ဉီးသို့ ရောက်ရှိခဲ့ကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ခဲ့သည့် သတင်းအချက်အလက်များအရ သိရသည်။
ကိုဗစ်-၁၉ ကြောင့် ၂၄နာရီအတွင်း လူ ၅၅၃ ဦး ထပ်မံသေဆုံးခဲ့ပြီး ပိုးတွေ့လူနာသစ် ၂၈၄၉၈ ရှိခဲ့ရာ သေဆုံးသူဉီးရေ စုစုပေါင်း ၂၃၇၂၇ ဉီး ရှိခဲ့ပြီး စုစုပေါင်း ပိုးတွေ့လူနာ စုစုပေါင်း ၉၀၆၇၅၂ ဉီးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အင်္ဂါနေ့ နံနက် ရှစ်နာရီ အချိန်တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၃၇၂၇ ဉီးရှိကြောင်း မှတ်တမ်းတင် ထားခဲ့ကြောင်း အဆိုပါ ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
တနင်္လာနေ့ နံနက်ပိုင်းအထိ အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ရောဂါဖြစ်ပွားသူ ၈၇၈၂၅၄ ဉီးနှင့် သေဆုံးသူ ၂၃၁၇၄ ဉီးတို့ ရှိပြီ ဖြစ်သည်။
ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကန့်သတ်ချက်များ ဇုန်အတွင်း၌ ရှိနေသေးသော်လည်း တိုင်းပြည်အတွင်း ဖြေလျော့ပေးမှုများကို အဆင့် ၂ သို့ ဖြေလျော့ပေးခဲ့သည်။
အိန္ဒိယနိုင်ငံသို့ အသွားအပြန် ပြုလုပ်မည့် နိုင်ငံတကာ ခရီးသည်တင် လေယာဉ်များကို ဇူလိုင် ၃၁ ရက်နေ့အထိ ဆိုင်းငံ့ထားလျက် ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်