အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ ၉၀၀၀၀၀ ကျော်နှင့် သေဆုံးသူ ၂၃၇၀၀ ကျော်အထိ ရှိလာ

၁၄  ဇူလိုင်

 

 

အိန္ဒိယနိုင်ငံတွင် အင်္ဂါနေ့အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူပေါင်း စုစုပေါင်း ၉၀၆၇၅၂ ထိ ရောက်ရှိသွားပြီဖြစ်ပြီး သေဆုံးသူပေါင်း ၂၃၇၂၇ ဉီးသို့ ရောက်ရှိခဲ့ကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ခဲ့သည့် သတင်းအချက်အလက်များအရ သိရသည်။

 

 

ကိုဗစ်-၁၉ ကြောင့် ၂၄နာရီအတွင်း လူ ၅၅၃ ဦး ထပ်မံသေဆုံးခဲ့ပြီး ပိုးတွေ့လူနာသစ် ၂၈၄၉၈ ရှိခဲ့ရာ သေဆုံးသူဉီးရေ စုစုပေါင်း ၂၃၇၂၇ ဉီး ရှိခဲ့ပြီး စုစုပေါင်း ပိုးတွေ့လူနာ စုစုပေါင်း ၉၀၆၇၅၂ ဉီးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

 

အင်္ဂါနေ့ နံနက် ရှစ်နာရီ အချိန်တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၃၇၂၇ ဉီးရှိကြောင်း မှတ်တမ်းတင် ထားခဲ့ကြောင်း အဆိုပါ ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

 

တနင်္လာနေ့ နံနက်ပိုင်းအထိ အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ‌ရောဂါဖြစ်ပွားသူ ၈၇၈၂၅၄ ဉီးနှင့် သေဆုံးသူ ၂၃၁၇၄ ဉီးတို့ ရှိပြီ ဖြစ်သည်။

 

 

ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကန့်သတ်ချက်များ ဇုန်အတွင်း၌ ရှိနေသေးသော်လည်း တိုင်းပြည်အတွင်း ဖြေလျော့ပေးမှုများကို အဆင့် ၂ သို့ ဖြေလျော့ပေးခဲ့သည်။

 

 

အိန္ဒိယနိုင်ငံသို့ အသွားအပြန် ပြုလုပ်မည့် နိုင်ငံတကာ ခရီးသည်တင် လေယာဉ်များကို ဇူလိုင် ၃၁ ရက်နေ့အထိ ဆိုင်းငံ့ထားလျက် ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်