နေပြည်တော် ၁၈ ဇန်နဝါရီ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ဒိန်းမတ်နိုင်ငံ အခွန် ဝန်ကြီး Mr. Karsten Styrbaek Lauriten နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဒိန်းမတ်နိုင်ငံတို့အကြား အခွန်နှစ်ထပ်ကျသင့်မှု ရှောင်ရှားရေး သဘောတူစာချုပ် (DTA) ချုပ်ဆိုနိုင်ရေးကိစ္စများနှင့် အခြားစီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)