စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ဒိန်းမတ်နိုင်ငံ၊ အခွန်ဝန်ကြီး Mr. Karsten Styrbaek Lauriten အား လက်ခံ တွေ့ဆုံ

နေပြည်တော် ၁၈  ဇန်နဝါရီ 


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ဒိန်းမတ်နိုင်ငံ အခွန် ဝန်ကြီး Mr. Karsten Styrbaek Lauriten နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၌ လက်ခံတွေ့ဆုံသည်။

 

mdn

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဒိန်းမတ်နိုင်ငံတို့အကြား အခွန်နှစ်ထပ်ကျသင့်မှု ရှောင်ရှားရေး သဘောတူစာချုပ် (DTA) ချုပ်ဆိုနိုင်ရေးကိစ္စများနှင့် အခြားစီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။


(သတင်းစဉ်)

 

mdn