၀က်လက်မြို့နယ်၌ မီးဘေးလုံခြုံရေး အသိပညာပေး

ဝက်လက်  ၁၃ ဇန်နဝါရီ

 

မီးဘေးလုံခြုံရေး အသိပညာပေးခြင်းကို ဇန်နဝါရီ ၁၂ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် သစ်စိမ့်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

8

 

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဝက်လက်မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်းနိန်နှင့် သန္ဓမီးသတ်တပ်ဖွဲ့ဝင် ၁၁ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၄ ဦးနှင့် တာဝန်ရှိသူများက ကျေးရွာအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများနှင့် မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကို လိုက်လံဆွေးနွေး ပြောကြားခဲ့သည်။

 

9

 

ထို့နောက် သစ်စိမ့်ကျေးရွာအတွင်းရှိ လူနေအိမ်များတွင် အရေးပေါ်ဖုန်းနံပါတ်များ ကပ်ပေးခြင်း၊ မီးဘေးလုံခြုံရေးအတွက် လမ်းကမ်းစာစောင်များကို ဖြန့်ဝေပေးကာ မီးသတ်တပ်ဖွဲ့ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 

(စိုးစိုးလှိုင်)