(၁၄)ကြိမ်မြောက် ကမ္ဘာ့နဂါးလှေချန်ပီယံရှစ်ပြိုင်ပွဲ ဒုတိယနေ့တွင် မြန်မာအသင်းကြေးတံဆိပ်(၁)ခုထပ်မံရရှိ

နေပြည်တော်  ၂၂   သြဂုတ်

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင်ကျင်းပပြုလုပ်သော (၁၄)ကြိမ်မြောက် ကမ္ဘာ့နဂါးလှေချန်ပီယံရှစ်ပြိုင်ပွဲ Standard Boat မီတာ ၁၀ဝဝ ပြိုင်ပွဲ ပွဲစဉ်နောက်ဆုံးဗိုလ်လုပွဲကို ယနေ့မွန်းလွဲ(၁၂)နာရီခွဲအချိန်တွင် မြန်မာအသင်းသည် အိမ်ရှင်ထိုင်းအသင်း၊ အင်ဒိုနီးရှားအသင်း၊ အမေရိကန်အသင်း၊ ကနေဒါအသင်းနှင့် တရုတ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အင်ဒိုနီးရှားအသင်းက စံချိန်(ဝ၃မိနစ် ၅၅ဒသမ ၄၈၅စက္ကန့်)ဖြင့် ပထမ၊ အမေရိကန်အသင်းက စံချိန်(၃ မိနစ် ၅၆ ဒသမ ၇၀၄စက္ကန့်)ဖြင့် ဒုတိယ၊ မြန်မာအသင်းက စံချိန်(ဝ၃မိနစ် ၅၇ဒသမ ၆၀၈စက္ကန့်)ဖြင့် တတိယ ရရှိခဲ့သည်။

 

mdn

 

မြန်မာအသင်းသည် ဒုတိယနေ့ကျင်းပသော ပွဲစဉ်များတွင် Standard Boat မီတာ ၁၀ဝဝ ပြိုင်ပွဲ ပွဲစဉ်တစ်မျိုးတည်းသာယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ကြေးတံဆိပ်(၁)ခုထပ်မံရရှိခဲ့ခြင်းဖြစ်ပါသည်။

 

mdn

 

ပြိုင်ပွဲ(၂)ရက်အပြီးတွင် မြန်မာအသင်းသည် ပွဲစဉ်(၆)မျိုး၌ ရွှေ(၂)ခု၊ ငွေ(၁)ခု၊ ကြေး(၂)ခု စုစုပေါင်း ဆုတံဆိပ်(၅)ခုရရှိခဲ့သည်။

 

mdn

 

အဆိုပါ (၁၄)ကြိမ်မြောက်ကမ္ဘာ့နဂါးလှေချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအသင်းသည် သြဂုတ် ၂၃  ရက်နေ့မှ ၂၅  ရက်နေ့အထိ ယှဉ်ပြိုင်မည့်ပွဲစဉ်များအနက် ပွဲစဉ်(၁၂)ပွဲယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

MDN