၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် မြန်မာနှင့် ထိုင်းတွေ့ဆုံ

၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို သြဂုတ် ၂၃ ရက်က ပြီးဆုံးခဲ့ပြီး မြန်မာအမျိုးသမီးအသင်းသည် ဆီမီးဖိုင်နယ်တွင် လက်ရှိချန်ပီယံထိုင်းအသင်းနှင့် တွေ့ဆုံခဲ့သည်။ 

မြန်မာအမျိုးသမီးအသင်းသည် အုပ်စုပထမနေရာ ရယူနိုင်ခြင်းမရှိသောကြောင့် ဆီမီးဖိုင်နယ်တွင် ထိုင်းအသင်းနှင့် တွေ့ဆုံခြင်းဖြစ်ပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ရန် ခက်ခက်ခဲခဲ ကစားရဖွယ်ရှိနေသည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များကို သြဂုတ် ၂၅ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် ဗီယက်နမ်အသင်းနှင့် ဖိလစ်ပိုင်အသင်း၊ မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲတွင် ထိုင်းအသင်းနှင့် မြန်မာအသင်းတို့ တွေ့ဆုံနေသည်။ အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စု (က) ၌ ထိုင်းအသင်းက ၁၂ မှတ်ဖြင့် အုပ်စုပထမ၊ ဖိလစ်ပိုင်အသင်းက ကိုးမှတ်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု (ခ) ၌ ဗီယက်နမ်အသင်းက ကိုးမှတ်ဖြင့် အုပ်စုပထမ၊ မြန်မာအသင်းက ခြောက်မှတ်ဖြင့် အုပ်စုဒုတိယနေရာရရှိကာ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည်။ မြန်မာအသင်းပါဝင်သည့် အုပ်စု (ခ) မှာ လေးသင်းသာ ပါဝင်သောကြောင့် သြဂုတ် ၂၀ ရက်ကတည်းက အုပ်စုပွဲများ ပြီးဆုံးခဲ့ပြီး ဆီမီးဖိုင်နယ်မတိုင်မီ ပြင်ဆင်ချိန် လေးရက် ရရှိထားသည်။ 

မြန်မာအသင်းနှင့် ထိုင်းအသင်းသည် ၂၀၁၈ ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင်လည်း တွေ့ဆုံဖူးပြီး မြန်မာအသင်းက သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် အာဆီယံ အမျိုးသမီးပြိုင်ပွဲတွင် ၂၀ဝ၄ နှင့် ၂၀ဝ၇ ပြိုင်ပွဲတွင် ဗိုလ်စွဲပြီးနောက်ပိုင်း အမြင့်ဆုံးဒုတိယနေရာသာ ရယူနိုင်ခဲ့သည်။

သတင်း-ညီမြတ်သော်တာ