၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် လူရည်ချွန်ကျောင်းသား ကျောင်းသူများ တပ်မတော်စစ်သမိုင်းပြတိုက်နှင့် အမျိုးသား ပြတိုက်တို့ကို သွားရောက်လေ့လာ

နေပြည်တော်  ဧပြီ  ၂၅

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ရွေးချယ်ခံရသည့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့မှ လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်နှင့် အမျိုးသားပြတိုက်တို့ကို သွားရောက်လေ့လာကြသည်။

 

ရှင်းလင်းပြောကြား

 

ဦးစွာ လူရည်ချွန်ကျောင်းသားကျောင်းသူများသည် တပ်မတော်စစ်သမိုင်းပြတိုက်သို့ ရောက်ရှိကြရာ ပြတိုက် တာဝန်ရှိသူက ပြတိုက်သမိုင်း၊ ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် ပြတိုက်အတွင်းကဏ္ဍအလိုက် ပြခန်း၊ ပြကွက်များ ပြသထားမှုတို့ကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် စစ်သမိုင်းပြတိုက်နှင့် တပ်မတော် မော်ကွန်းတိုက်မှူးရုံး ပြခန်း၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူး ရုံးပြခန်း၊ ထောက်ပံ့နှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံးပြခန်း၊ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးပြခန်း၊ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ ညွှန်ကြား ရေးမှူးရုံးပြခန်းနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) ပြင်ပပြကွက်များကို စိတ်ဝင်စားစွာ လေ့လာ ကြည့်ရှုကြပြီး သိရှိလိုသည်များကို ပြခန်းတာဝန်ရှိသူများထံ မေးမြန်းကြသည်။

 

mdn 

 

လေ့လာကြည့်ရှု

 

ယင်းနောက် လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် အမျိုးသားပြတိုက်သို့ ရောက်ရှိကြပြီး သမိုင်းမတင်မီ ခေတ်ပြခန်း၊ သမိုင်းတင် ခေတ်ဦးပြခန်း၊ သမိုင်းတင်ခေတ်ပြခန်း၊ ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ပြခန်း၊ မြန်မာ့ပန်းချီပြခန်း၊ မြန်မာ့အနု သုခုမပြခန်း၊ အာဆီယံပြခန်း၊ မြန်မာ့လက်မှု အနုပညာပြခန်း၊ ကလေးသူငယ် ပညာပေးပြခန်း၊ ဗုဒ္ဓအနုပညာပြခန်း၊ သီဟာသန ပလ္လင်ပြခန်း၊ နိုင်ငံတော်သမ္မတများအသုံးပြုခဲ့သည့် မော်တော်ယာဉ်များပြခန်းနှင့် ပြည်ထောင်စု တိုင်းရင်းသားများ၏ ယဉ်ကျေးမှု ပြခန်းတို့ကို လေ့လာကြည့်ရှုခဲ့ ကြကြောင်း သိရသည်။

သတင်းစဉ်