(၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ ကုန်စည်ပြပွဲတွင် သံတောင်သူ အမှတ်တံဆိပ် ဒေသထွက်ပစ္စည်းများ ရောင်းချလျက်ရှိ

သံတောင်ကြီး  ၇ နိုဝင်ဘာ

 

(၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ ကုန်စည်ပြပွဲတွင် သံတောင်သူ အမှတ်တံဆိပ်ဖြင့် ဒေသထွက်ပစ္စည်းများ လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။

 

ကုန်စည်ပြပွဲတွင် ဒေသထွက်ပစ္စည်းများဖြစ်သည့် အော်ဂဲနစ်စစ်စစ် ကော်ဖီ၊ ပျားရည်၊ လက်ဖက်ခြောက်နှင့် အခြားထွက်ကုန်များကို  ထုတ်လုပ်ရောင်းချခြင်းဖြစ်ပြီး သံတောင်ကြီး အမျိုးသမီးများအဖွဲ့ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက်  သံတောင်သူ အမှတ်တံဆိပ်ဖြင့် ဒေသထွက်ကုန် ပစ္စည်းများကို ရောင်းချခြင်း ဖြစ်သည်။အလားတူ သံတောင်ကြီး အမျိုးသမီးများအဖွဲ့မှ  ကရင်ရိုးရာ အစားအစာများနှင့် ဘွဲကရင် အဝတ်အထည်များကိုလည်း ပွဲတော်အတွင်း ရောင်းချခဲ့ကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ဆက်)