(၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် တတိယအကြိမ် ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ဘားအံ   ၈    နိုဝင်ဘာ 

 

ကရင်ပြည်နယ်၊ ဘားအံမြို့တွင်(၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲ ဆုပေးပွဲကို ပြည်နယ်သူ/ပြည်နယ်သားများ ပျော်ပွဲရွှင်ပွဲ တစ်ရပ်အနေဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ကြစေရန်၊ မြန်မာ့ရိုးရာအမွေအနှစ် ရိုးရာအားကစားနည်းများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက်ရည်ရွယ်ပြီး  တတိယအကြိမ် ထည့်သွင်းကျင်းပခဲ့ရာ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကို နိုဝင်ဘာလ(၇)ရက် နံနက်ပိုင်းက ဘားအံမြို့ ကန် သာယာကန်အတွင်း  ကျင်းပသည်။

 

 

 

 

(၆၃)နှစ်မြောက်ကရင်ပြည်နယ်နေ့အထိမ်းအမှတ်ရိုးရာလှေလှော်ပြိုင်ပွဲကိုနိုဝင်ဘာလ(၅)ရက်နေ့မှ နိုဝင်ဘာလ (၇)ရက် ထိ ကျင်းပခဲ့ရာ အမျိုးသား(၅)တက်လှော်ပြိုင်ပွဲတွင်(၂၃)သင်း၊အမျိုးသား(၃)တက်လှော်ပြိုင်ပွဲတွင် (၂၂)သင်း၊ အမျိုး သားတစ်ဦးချင်းပြိုင်ပွဲတွင်(၂၃)ဦး၊ အမျိုးသမီး(၅)တက်လှော်ပြိုင်ပွဲတွင်(၈)သင်း၊ အမျိုးသမီး(၃)တက်လှော်ပြိုင်ပွဲ တွင်(၉) သင်း၊အမျိုးသမီးတစ်ဦးချင်ပြိုင်ပွဲတွင်(၂၁)ဦးတို့သည် နောက်ဆုံး ဗိုလ်လုပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ကြရာ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်၊ ကရင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးစောစံလင်းနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံလှေလှော်ဝါသနာရှင်များက ကြည့်ရှုအားပေးကြသည်။

 

ဗိုလ်လုပွဲအပြီးတွင် ဆုရရှိသော အမျိုးသာ(၅)တက်လှော်ပြိုင်ပွဲတွင် စေတနာဒေါင်းဒင်္ဂါးအသင်း၊ဒုတိယဆုရ အိုးစတား အသင်း၊ တတိယဆုရလင်းယုန်(က)အသင်း၊ စတုတ္ထဆုရ ဆယ်အိမ်စုအသင်း၊ အမျိုးသမီး(၅)တက်လှော် ပြိုင်ပွဲတွင် ပထမဆုရစံပယ်ဖြူအသင်း၊ ဒုတိယဆုရတဝယ်မှိုင်းချိုအသင်း၊ တတိယဆုရမုက္ကဒိအသင်း၊ စတုတ္ထဆုရ မိကရင်(၁) အသင်းများအားလည်းကောင်း၊ အမျိုးသား/အမျိုးသမီး(၃)တက်နှင့် တစ်ဦးချင်းပြိုင်ပွဲများတွင် ဆုရရှိသူ များနှင့် အထူးဆုရရှိအသင်းများအား အမျိုးသားလွှတ်တော်ဒုတိယဥက္ကဌ၊ တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ကရင်ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများက ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ 

 

နေမျိုးလွင်(ပြန်/ဆက်)