(၆)ကြိမ်မြောက် နိုင်ငံတကာ စက်မှုနည်းပညာပြပွဲနှင့် တီထွင်ဖန်တီးမှု စွမ်းရည်ပြိုင်ပွဲ ကျင်းပမည်

နေပြည်တော် ၁၆  ဇန်နဝါရီ 


စက်မှုဝန်ကြီးဌာနနှင့် Myanmar Promotional Services (MPS) Co., Ltd တို့ ပူးပေါင်း၍ (၆)ကြိမ်မြောက် နိုင်ငံတကာစက်မှုနည်းပညာပြပွဲနှင့် တီထွင်ဖန်တီးမှုစွမ်းရည် ပြိုင်ပွဲ “The 6 th International Industiral Technology & Machinery Show 2019” ကို ရန်ကုန်မြို့ရှိ တပ်မတော်ခန်းမ၌ ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်ထိ သုံးရက်ကြာကျင်းပ သွားမည်ဖြစ်ကြောင်းသိရသည်။


အဆိုပါ နိုင်ငံတကာစက်မှုနည်းပညာပြပွဲနှင့် တီထွင်ဖန်တီးမှုစွမ်းရည် ပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် အဆိုပါပြပွဲပြိုင်ပွဲကျင်းပရာ တပ်မတော်ခန်းမ၌ ကျင်းပသွားမည် ဖြစ်သည်။ 


မောင်မောင်မျိုး