အောင်လံ ဇူလိုင် ၂၆
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်အားကစားကွင်း၌ ၂၀၂၆ ခုနှစ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် ကျင်းပသည်။
အခမ်းအနားတွင် အောင်လံမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးလှရွှေက အမှာစကားပြောကြား၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးပြီး စစ်ကြောင်းမှူး ဦးဆောင်၍ အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုကြသည်။
ဆက်လက်၍ အထက(ရွာထောင်) မှ ဘင်ခရာနှင့် ပန်းဖွားအဖွဲ့များ၏ တီးမှုတ်ကပြဖျော်ဖြေမှု၊ မြန်မာ့သိုင်းအားကစား ကပြဖျော်ဖြေမှုနှင့် ဗိုဗီနမ်အားကစား ဖျော်ဖြေမှုများကို ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် အောင်လံမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌက ဖျော်ဖြေတင်ဆက်ကြသည့် ဘင်ခရာ၊ ပန်းဖွားအဖွဲ့များနှင့် မြန်မာ့သိုင်းအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၁၆ သင်း ယှဉ်ပြိုင်ကြမည်ဖြစ်ကာ စက်တင်ဘာ ၁ ရက်အထိ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဖွင့်ပွဲနေ့တွင် တရော်ကုန်းအသင်းနှင့် ဇေယျဝတီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)


