အောင်လံမြို့၌ ဧရာဝတီမြစ်ကမ်းနံဘေးရှိ နေအိမ်များသို့ ရေဘေးနှင့်မြေပြိုဘေး ကြိုတင်ကာကွယ်ရေး စုပေါင်းနှိုးဆော်

အောင်လံ ဇူလိုင် ၄

 

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဧရာဝတီမြစ်ကမ်းနံဘေးရှိ နေအိမ်များသို့ ရေဘေးနှင့်မြေပြိုဘေး ကြိုတင်ကာကွယ်နိုင်ရေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်များက စုပေါင်းလိုက်လံနှိုးဆော်ခဲ့ကြသည်။

 

အဆိုပါနှိုးဆော်မှုတွင် ဧရာဝတီမြစ်ကမ်းနံဘေးရှိ ပြည်သူများ သိရှိလိုက်နာဆောင်ရွက်စေရန် ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်တို့ ဖြစ်ပေါ်လာပါက ကြိုတင်သတိပြု ကာကွယ်နိုင်စေရန်၊ သတိပြုရှောင်ရှားသင့်သည့် အပြုအမူများကို သိရှိစေရန်တို့ကို အသိပညာပေးချက်များအား စုပေါင်းလှည့်လည် နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

 

မျိုးသိန်း(ပြန်/ဆက်)