အောင်မြေသာစံမြို့နယ် NLD အဆောက်အဦးရန်ပုံငွေအတွက် 2019 Mandalay Show ဂီတဖျော်ဖြေပွဲကျင်းပမည်

မန္တလေး ၂၉ ဒီဇင်ဘာ

 

အောင်မြေသာစံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးပိုင်မြေနေရာနှင့် အဆောက်အဦးဆောက်လုပ် ရန်အတွက် 2019 Mandalay Show ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါမြို့နယ် NLD ရုံးမှသိရသည်။

 

အောင်မြေသာစံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးပိုင်မြေနေရာနှင့် အဆောက်အဦးဆောက်လုပ်ရန်အတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ဇန်နဝါရီ ၁၃ ရက်မှာ မန္တလေးတောင်ခြေရှိ Yadanarbon Event Park တွင် ကျင်းပမည်ဖြစ်သည်။

 

“တကယ်တမ်း ဒီပွဲလုပ်တာက ရုံးကြီးဖြစ်မြောက်ဖို့အထိ လောက်လောက်လား လားမရှိပါဘူး။ပါတီ ရှင်သန်လှုပ်ရှားမှုလညး် သိစေချင်တယ်။ ငွေကို ဘယ်လိုမျိုး ရှာဖွေတယ်ဆိုတာ သိစေချင်တာ။ တချို့အဖွဲ့အစည်းတွေဆိုရင် သူ့နည်း သူ့ဟန်နဲ့ လမ်းကြောင်းတွေရှိတာပေါ့” ဟု ဂီတရံပုံငွေပွဲဖြစ်မြောက်ရေးကော်မတီ ဘဏ္ဍာရေးမှူး ဦးဂျင်းနားက ပြောသည်။

 

2019 Mandalay Show ပွဲတွင် အဆိုတော် လင်းလင်း ၊ ရန်ရန်ချန်း ၊ ချစ်သုဝေ ၊အိမ့်ချစ် ၊ ငွေစိုး ၊အောင်ကြီး ၊ စိုးထက် ၊ ထက်ယံ ၊ အိုအေစစ် ၊ J FIRE ၊ ICE COLD ၊ ခိုင်မြဲသစ္စာ ၊ ပြုံးမြသွယ် ၊ Team (143) တို့က ပါဝင်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

 

လက်မှတ်ဈေးနှုန်းများမှာ သုံးသောင်းကျပ် ၊ နှစ်သောင်းကျပ် ၊ တစ်သောင်းကျပ်တို့ဖြစ်ပြီး လှိုင်းတေးသံသွင်း ၊ မန်းသီရိတေးသံသွင်း ၊O Zone Store ၊ Generation Café ၊ 501 Men’ Collection တို့တွင် ဝယ်ယူရရှိနိုင်ကြောင်းသိရသည်။

 

အိမို့မို့ခိုင်