ခရိုအေးရှား ဝါရင့်ကစားသမား လူကာမိုဒရစ်သည် စီးရီးအေကလပ် အေစီမီလန်နှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း   သိရသည်။

လာမည့် စက်တင်ဘာလတွင် အသက်   ၄၁  နှစ်  ပြည့်တော့မည့် မိုဒရစ်သည်   ရီးရဲမက်ဒရစ်အသင်းတွင် ၁၃  ရာသီကြာ  ဖြတ်သန်းပြီးနောက အေစီမီလန်အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ ၎င်းနှင့် အေစီမီလန်အသင်းတို့ ယခင်ချုပ်ဆိုထားသော စာချုပ်သက်တမ်းမှာ ဇွန် ၃၀ ရက်တွင် ကုန်ဆုံးခဲ့ကြောင်း သိရသည်။

၂၀၁၈ ဘလွန်းဒီအောဆုရှင် မိုဒရစ်သည် လာမည့်ရာသီတွင် ဂျာစီနံပါတ် ၁၄ ကို ဆက်လက်ဝတ်ဆင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်