အိမ်မဲမြို့နယ်အား Green City, Clean City, Smart City ဖြစ်လာစေရေး အပတ်စဉ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

အိမ်မဲ   ဒီဇင်ဘာ   ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အား Green City, Clean City, Smart City ဖြစ်လာစေရေး အပတ်စဉ် စုပေါင်းသန့်ရှင်းရေးကို ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ယင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ နယ်မြေခံ တပ်ရင်း၊ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအသင်း၊ စည်ပင်သာယာရေးကော်မတီနှင့် ဝန်ထမ်းများ၊ ပြည်သူများ စုပေါင်း၍ အိမ်မဲကြီး ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ နှင်းဆီလမ်းထိပ် ကမ်းနားတစ်လျှောက် စုပေါင်း အမှိုက်သိမ်းဆည်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်(ပြန်/ဆက်)