အိမ်မဲမြို့နယ်အတွင်းရှိ အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများသို့သွားရောက်၍ အင်္ကျီများနှင့် ဦးထုပ်များ ထောက်ပံ့ပေးပြီး အားပေးစကားများပြောကြား

 

အိမ်မဲ ဧပြီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ အခြေခံစာတ်မြောက်ရေး စာသင်ဝိုင်းများတွင် သင်ကြားနေသော နည်းပြဆရာ၊ ဆရာမများ၊ သင်တန်သား/ သင်တန်းသူများအား ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီး အကဲများက အင်္ကျီများနှင့် ဦးထုပ်များ ထောက်ပံ့ပေးပြီး အားပေးစကားများ ပြောကြားခဲ့သည်။

အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးကျော်ညွှန့် ဦးဆောင်၍ ဌာနဆိုင်ရာအကြီးအကဲများ ပါဝင်သောအဖွဲ့က အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများသင်ကြားနေသော ရွှေဘိုစုကျေးရွာ၊ ကျုံကနိကျေးရွာ၊ ကညင်ကွင်းကျေးရွာ၊ ညောင်ကျိုးကျေးရွာများမှ နည်းပြဆရာ၊ ဆရာမများ၊ သင်တန်သား/ သင်တန်းသူများအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးသော အင်္ကျီများနှင့် ဦးထုပ်များအား တစ်ဆင့်ပြန်လည်ထောက်ပံ့ပေးခဲ့ပြီး စာသင်ဝိုင်းများတွင် ကြုံတွေ့ရသောအခက်အခဲများ၊ အားနည်းချက်၊ အားသာချက်များအား မေးမြန်းဆွေးနွေးပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

အလားတူ အိမ်မဲမြို့နယ်အတွင်း အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက ဦးဆောင်၍ ဌာနဆိုင်ရာအကြီးအကဲများပါဝင်သော အဖွဲ့ (၄) ဖွဲ့ဖြင့် အင်္ကျီများနှင့် ဦးထုပ်များ ထောက်ပံ့ပေးပြီး အားပေးစကားများ ပြောကြား ခဲ့ကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)