အိန္ဒိယနိုင်ငံ၏ ပြည်ပရေးရာဝန်ကြီးဟောင်း ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြောင်းလက်မှတ်ရေးထိုး

ရန်ကုန်   ၉   သြဂုတ် 

အိန္ဒိယနိုင်ငံ၏ ပြည်ပရေးရာဝန်ကြီးဟောင်း Smt. Sushma Swaraj ကွယ်လွန်သည့်အတွက် ယနေ့ ညနေ ၃ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ကြည်ကြည်စိန်သည် ရန်ကုန်မြို့ အမှတ်(၅၄၅/၅၄၇) ကုန်သည်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတွင် ဖွင့်လှစ်ထားရှိသော ဝမ်းနည်းခြင်းအထိမ်းအမှတ်စာအုပ်၌ လက်မှတ်ရေးထိုးသည်။

သတင်းစဉ်