အခြေခံပန်းချီ ရက်တိုသင်တန်း သံတွဲ၌ဖွင့်

အခြေခံပန်းချီ ရက်တိုသင်တန်းကို ယနေ့နံနက် ၁၁ နာရီက သံတွဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

 

အဆိုပါ ပန်းချီသင်တန်းကို မျိုးဆက်သစ် ပန်းချီပညာရှင်များနှင့် ရွက်ပုံးသီး ပန်းချီပညာရှင်များ ပေါ်ထွက်လာနိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး ယခုနှစ်ဆိုလျှင် ဒုတိယအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ 

 

 

သင်တန်းမှာ ရက်တိုသင်တန်းဖြစ်ပြီး အခြေခံများကိုသာ အဓိက သင်ကြားပေးသွားမည်ဖြစ်ပြီး ရက်ရှည်သင်တန်းကို နွေရာသီကျောင်းပိတ်ရက်တွင် ပြန်လည်ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း သင်တန်းဆရာ ဦးထိုက်တန်က ပြောသည်။

 

 

သင်တန်းဖွင့်ပွဲတွင် ခရိုင်ဦးစီးအရာရှိ ဦးမြင့်ရွှေက ပန်းချီသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းဆရာ ထိုက်တန်(သံတွဲ)က သင်တန်းစည်ကမ်းများနှင့် အခြခံ ပန်းချီပညာ သင်ကြားပေးမည့် နည်းစနစ်များကို ရှင်းလင်းပြောကြားခဲ့သည်။ 

 

 

အဆိုပါသင်တန်းကို သံတွဲမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ပန်းချီဝါသနာပါသည့် ကျောင်းသား ကျောင်းသူ ၁၅ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

 

 

သန့်ဇင် (ပြန်/ဆက်)