အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၄၂/၂၀၁၉)၏ သင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော် ၉  သြဂုတ် 

နိုင်ငံခြားရေးဝန်ကြီးဌာနမဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၄၂/၂၀၁၉) ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတမ်း အတွင်းဝန် ဦးမြင့်သူတက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ အငြိမ်းစားသံအမတ်ကြီးများ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဝါရင့်သံတမန်များ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ သင်တန်းနည်းပြဆရာကြီး၊ ဆရာမကြီးများနှင့် သင်တန်းသားသင်တန်းသူများတက်ရောက်ခဲ့သည်။

အခမ်းအနားတွင် အငြိမ်းစားသံမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သင်တန်းနည်းပြများမှ သင်တန်းသားသင်တန်းသူများအား သင်တန်းဆင်းအောင် လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

သင်တန်းတွင် သံတမန်ရေးရာနှင့် သက်ဆိုင်သည့် အခြေခံဘာသာရပ်များ၊ စေ့စပ်ညှိနှိုင်းမှုပညာ၊ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်များ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေဘာသာရပ်၊ အပြည်ပြည်ဆိုင်ရာ ညီလာခံများကျင်းပခြင်း၊ မျက်မှောက်ခေတ် နိုင်ငံတကာရေးရာများ၊ စီးပွားရေးဆိုင်ရာ ဘာသာရပ်များ စသည်တို့ကို စာတွေ့ လက်တွေ့ ပို့ချခဲ့ပြီးသင်တန်းကာလမှာ ရက်သတ္တပတ် ၁၂ ပတ်ကြာမြင့်ခဲ့ပြီး သင်တန်းသို့ သင်တန်းသားသင်တန်းသူ ၁၈၈ ဦးတက်ရောက်ခဲ့သည်။

 

mdn

 

နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံတမန်ရေးရာနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များအား စိတ်ပါဝင်စားသူများအတွက် အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းများကို ၂၀ဝ၀ ပြည့်နှစ်မှစတင်၍ ဖွင့်လှစ်ခဲ့ပြီးယနေ့အထိ သင်တန်းသားသင်တန်းသူစုစုပေါင်း ၇၃၀ဝ အထိ တက်ရောက်ခဲ့ပြီးဖြစ်သည်။

သတင်းစဉ်