အကြင်နာမြစ်ဖျား ဇာတ်လမ်းတွဲတွင် အကောင်းဆုံးသရုပ်ဆောင်ထားကြောင်း ခင်ဝင့်ဝါ ပြောကြား

ကိုလင်း

 

Miss Supranation 2014 ဆုရှင်အဖြစ် ၂ဝဝ၄ ခုနှစ်က မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် ရွေးချယ်ခံခဲ့ရပြီး အလှမယ်တစ်ယောက် အဖြစ်ကနေ သရုပ်ဆောင်တစ်ယောက် ဖြစ်လာတဲ့ ခင်ဝင့်ဝါအနေဖြင့် ဗီဒီယိုဇာတ်ကားများစွာနှင့် ရုပ်ရှင်ဇာတ်ကားပေါင်း များစွာတွင် တွေ့လာရသူလည်း ဖြစ်ခဲ့သည်။ မကြာမီ ရုံတင်ပြသတော့မည့် ငါမုန်းတဲ့ အက္ခရာ ရုပ်ရှင်ကားကြီးတွင်လည်း သရုပ်ဆောင် အောင်ရဲလင်းနှင့်အတူ ပရိသတ်များ တွေ့ရမည်ဖြစ်ပြီး သူ၏ ပထမဆုံး ရုပ်သံဇာတ်လမ်းတွဲဖြစ်သည့် 'အကြင်နာမြစ်ဖျား'ဟ ုအမည်ရသည့် ဇာတ်လမ်းကိုလည်း လက်ခံရိုက်ကူးထားကြောင်း သိရသည်။

 

မေး - အကြင်နာမြစ်ဖျား ရုပ်သံဇာတ်လမ်းတွဲလေးအကြောင်း သိပါရစေ။

 

ဖြေ - ဒီဇာတ်လမ်းတွဲမှာ ရိုးရိုးအေးအေး ကောင်မလေးပေါ့နော်။ အချစ်ဒရာမာ ကားဆိုတော့ ပရိသတ်တွေလည်း ကြိုက်နှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်။ အဝတ်အစားပိုင်းကို အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ ကာရိုက်တာ လိုက်ဖက်အောင် မိတ်ကပ်တွေ၊ ဝတ်စားဆင်ယင်မှုတွေကို သေချာ ပြင်ဆင်ရပါတယ်။ လူငယ်အရွယ်ပိုင်းကနေ လူလတ်ပိုင်းအထိ ကာရိုက်တာ အပြောင်းအလဲလေးတွေ လုပ်ထားပါတယ်။ ဆယ်ကျော်သက်ကနေ အိမ်ထောင်ကျတဲ့အထိ ရင့်ကျက်သွားတဲ့ပုံစံမျိုးလေးတွေ ပါပါတယ်။ အချိန်အပိုင်းအခြား ပြောင်းလဲသွားတဲ့အထိဆိုတော့ အကောင်းဆုံး ပြင်ဆင်နေပါတယ်။

 

မေး - ပထမဆုံးဇာတ်လမ်းတွဲဆိုတော့ ညီမအတွက် စိတ်ခံစားမှု။

 

ဖြေ - ညီမက ပုံစံသုံးခုလောက် ချိန်းရမယ်။ ပြောင်းလဲမှုတစ်ခုပေါ့။ ခေတ်ကာလ တစ်ခုနဲ့ တစ်ခုကလည်းမတူပါဘူး။ ကိုယ့်အတွက် အပြောင်းအလဲ အသစ်အဆန်းတစ်ခုလည်း ဖြစ်တယ်ပေါ့။

 

မေး - ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ အချိန်တွေရော ဘယ်လိုပေးဖြစ်လဲ။ 

 

ဖြေ - ညီမအတွက် ပထမဦးဆုံးဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။ ကိုသားညီကတော့ ညီမတို့ကို အချိန်သေချာပေးထားပါတယ်။ အနုပညာမောင်နှမတွေဖြစ်တဲ့ အတွက် နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီးတော့ လုပ်သွားမှာပါ။ လာလာကြည့်မှာလည်း ပြသမယ်ဆိုတော့ ၈ လပိုင်းကတည်းက တည်ထားတယ်။ ကိုရွှေမန်းတို့ ဆိုတာကလည်း ကိုယ့်လူတွေဖြစ်ပြီးတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း အများကြီးရိုက်ဖူးတယ်။ အချိန်ပေးရတယ် ဆိုပေမယ့် အရေးပေါ် အလုပ်လေးတွေရှိရင် ညှိညှိနှိုင်းနှိုင်း လုပ်ခွင့်ပြုတယ်။ ညီမက ဇာတ်လမ်းတွဲမှ မဟုတ်ပါဘူး၊ အချိန် ဘယ်လောက်ပေးရပေးရပါ၊ ကိုယ့်အတွက် အနုပညာကျန်ရင် ရိုက်ဖြစ်ပါတယ်။

 

မေး - ဇာတ်ကားတစ်ကားနဲ့ တစ်ကားမှာ ဇာတ်ရုပ်တွေကလည်း မတူတတ်ဘူးဆိုတော့ ဘယ်လိုခံစားမှုလုပ်ဖြစ်လဲ။

 

ဖြေ - ညီမက ကိုယ်လက်ခံထားတဲ့ အလုပ်တစ်ခုလုပ်နေချိန်မှာ နောက်အလုပ်တစ်ခု ဝင်လာတဲ့အချိန်တွေကတော့ ရှားပါတယ်။ ဒါရိုက်တာက ဘယ်အခန်းတွေမှာ 
ဘယ်လိုရိုက်ရမယ်ဆိုတာ ကြိုပြောထားတယ်။ ဒါကြောင့် ဒီအဖွဲ့တစ်ခုနဲ့ အလုပ်လုပ် ရတာဖြစ်လို့ သူတို့ခွင့်တောင်းပြီးလို့ အဆင်ပြေတယ်ဆိုမှ ကြော်ငြာတွေလည်း ရိုက် ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အခက်အခဲတွေဖြစ်လာရင်တော့ ဒါရိုက်တာအချင်းချင်း ညှိရိုက်ကြတာရှိပါတယ်။ ကာရိုက်တာနဲ့ပတ်သက်ပြီး ခံစားမှုသွင်းရတာတော့ တော်တော်လေးလည်း ခက်ခဲတာပေါ့နော်။ ကြိုပြင်ဆင်ထားတာတော့ မရှိဘူး၊ ကိုယ့်စိတ်ကူးထဲက ပေါ်လာတဲ့အတိုင်းဆိုပေမယ့် ဒါရိုက်တာကြိုက်နှစ်သက်တဲ့ မုဒ် မရမချင်းကတော့ ညီမလုပ်ပေးပါတယ်။ စစချင်း ဇာတ်ကားကြီးကို ကာရိုက်တာ မရင်းနှီးဘဲ ရိုက်ရတော့အခက်အခဲတော့ ရှိတာပေါ့။

 

မေး - အခက်အခဲဖြစ်နိုင်တဲ့ ကာရိုက်တာတွေရော ရှိမလား။

 

ဖြေ - တချို့ ဒါရိုက်တာပြောတဲ့ အကြောင်းအရာနဲ့ ကိုယ်မသိတဲ့ အကြောင်းအရာတွေ ရှိချိန်မှာ ကိုယ်နားမလည်ဘဲဖြစ်ချိန် ကိုယ့်အတွက် ဖိအားတွေများစေခဲ့တာတွေလည်း ရှိပါတယ်။ စိတ်အေးအေးထား ပြင်ဆင်လိုက်တော့လည်း အဆင်ပြေ သွားပါတယ်။ ဒီလိုကာရိုက်တာက ဒီအချိန်မှာ မလုပ်နိုင်ပေမယ့် နောက်တစ်ချိန်မှာ ကြုံလာနိုင်တယ်ဆိုတော့ စိတ်အေးအေးထားပြီး အကောင်းဆုံးလုပ်ဆောင်ပါတယ်။ 

 

မြန်မာ့အလင်း