အက်ဖ်အေဖလား တတိယအဆင့်တွင် မန်ယူ၊ စပါး၊ ချယ်လ်ဆီးနှင့် အာဆင်နယ်အသင်းတို့ နိုင်ပွဲကိုယ်စီရယူ

mdn

၆ ဇန်နဝါရီ

 

အင်္ဂလန်အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်များကို ဇန်နဝါရီ ၅ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး မန်ယူ၊ စပါး၊ ချယ်လ်ဆီးနှင့် အာဆင်နယ်အသင်းတို့ နိုင်ပွဲကိုယ်စီရယူ နိုင်ခဲ့ကြသည်။ 

 

အိုးထရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် မန်ယူနှင့် ရီးဒင်းပွဲတွင် အိမ်ရှင်မန်ယူအသင်း နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ပထမပိုင်း ပွဲချိန် ၂၂မိနစ်တွင် မန်ယူအသင်း ပယ်နယ်တီကန်ခွင့်ရကာ မာတာက အဖွင့်ဂိုးအဖြစ် ပြောင်းလဲခဲ့ပြီး ပထမပိုင်းပြီးခါနီး ၄၅ မိနစ်တွင် တိုက်စစ်မှူးလူကာကူက မန်ယူအတွက် ဒုတိယဂိုး သွင်းယူပေးခဲ့သည်။ 

 

ထရန်မဲရိုဗာနှင့် စပါး တို့၏ ပွဲစဉ်တွင် စပါးအသင်းက အဝေးကွင်း၌ ခုနစ်ဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ စပါးအတွက် အနိုင်ဂိုးများကို ပွဲချိန် မိနစ် ၄၀ နှင့် ၅၅ မိနစ်တွင် ဆာဂျီအူရီယာ၊ ၄၈ မိနစ်၊ ၇၁ မိနစ် နှင့် ၇၂ မိနစ်တွင် လော်ရန်တီက ဟက်ထရစ်သွင်းယူခဲ့ပြီး ၅၇ မိနစ်တွင် ဆွန်ဟောင်မင်နှင့် ၈၂ မိနစ်တွင် ဟယ်ရီကိန်းက သွင်းယူခဲ့သည်။

 

အက်ဖ်အေဖလား အခြားပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းက နော်တင်ဟမ်ကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားခဲ့သည့် အာဆင်နယ်အသင်းမှာ ဘလက်ပူးလ်အသင်းကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။  

 

FA ဖလားတတိယအဆင့်ပွဲစဉ်ရလဒ်များ

ရှက်ဖီးဝင်းစ်ဒေး ဝ - ဝ လူတန်
မန်ယူ ၂ - ဝ ရက်ဒင်း
ဝက်စ်ဘရွန်း ၁ - ဝ ဝီဂန်
ရှရူးဘူရီ ၁ - ၁ စတုတ်စီးတီး
ဘုန်းမောက် ၁ - ၃ ဘရိုက်တန်
ဝက်စ်ဟမ်း    ၂ - ဝ ဘာမင်ဂမ်
ဘန်လေ ၁ - ဝ ဘန်စလေ
ဘော်လ်တန် ၅ - ၂ ဝဲဆောလ်
ဘရန့်ဖို့ဒ် ၁ - ဝ အောက်စဖို့ဒ်
ချယ်လ်ဆီး    ၂ - ဝ နော်တင်ဟမ်
ဖလိဝုဒ် ၂ - ၃ ဝင်ဘယ်လ်ဒန်
မစ်ဒယ်ဘရော့ ၅ - ဝ ပီတာဘရော့
အက်စတွန်ဗီလာ ဝ - ၃ ဆွမ်ဆီး
ဂီလင်ဟမ် ၁ - ဝ ကာဒစ်ဖ်
အဲဗာတန် ၂ - ၁ လင်ကွန်းစီးတီး
ဒါဘီ ၂-၂ ဆောက်သမ်တန်
အက်ကရင်တန် ၁ - ဝ အစ်ဝစ်ချ်
နယူးကာဆယ် ၁ - ၁ ဘလက်ဘန်း
ခရစ္စတယ်ပဲလေ့စ် ၁ - ဝ ဂရင်းစဘီ
ဘရစ္စတိုးလ်စီးတီး ၁-ဝ ဟတ်ဒါဖီးလ်
ဘလက်ပူးလ် ဝ - ၃ အာဆင်နယ်
နောဝစ်ချ် ဝ - ၁ ပို့စ်မောက်

 

MDN