Alliance Myanmar Tanai(NGO)အဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်း

တနိုင်း ၂၁  မေ

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Alliance  MyanmarTanai(NGO)အဖွဲ့က  ယမန်နေ့ နံနက်ပိုင်းက အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

Alliance Myanmar Tanai(NGO) အဖွဲ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများ ဖြစ်သည့် PPE ဝတ်စုံ- ၅၈စုံ ၊Hand Gel -(500ml) ဘူး -၃၀ဝ၊ ခွဲစိတ်ခန်းသုံး Surgical Mask -၅၅ ခု ၊ N95 Mask ခုရေ ၄၀ဝ ၊ အပူချိန်တိုင်း Infrared thermometer -၁၅ ၊တစ်ခါသုံး လက်အိတ် Exam Gloves (100cs/box )-၁၀ ၊ပိုးသတ်ဆေးရည် Dettol (200ml)-၁၅တို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းထွန်းဝင်းက လက်ခံရယူပြီး ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သိရသည်။

 

ဝါဝါ (ပြန်/ဆက်)